#LocalNews
Published-16 Feb 2022
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း၊ ကွမ်းခြံကုန်းအဆင်းတွင် ကော့ကရိတ်ဘက်မှ မြဝတီသို့ ပြောင်း ၊ ဆန်များတင်ဆောင်၍ မောင်းနှင်လာသော (၁၈)ဘီးတွဲယာဉ်(၁)စီး တိမ်းမှောက်မှု ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

(၁၈)ဘီးတွဲယာဉ်(၁)စီး တိမ်းမှောက်မှုသတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူး ပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင် ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၁)ဦး၊ မ(၁)ဦး(သေဆုံး)နှင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)တို့အား သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအသင်းမှယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


ymg/hm
#Yangon_Media_Group