စင်ကာပူနိုင်ငံတွင် ယနေ့ကျင်းပသည့် Battlegroundအမည်ရOne Championship ပြိုင်ပွဲတွင်မြန်မာ ကိုယ်စားပြု ဖိုက်တာ အောင်လအန်ဆန်က ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီတွင်အလဲထိုးအနိုင်ရရှိခဲ့သည်။