Published 13 Feb 2022

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေဟာ မြန်မာနိုင်ငံက သတ္တုတွင်းတစ်ခုက ထွက်ရှိတဲ့ ပယင်းကျောက် အပိုင်းအစတစ်ခု အတွင်းမှာ ပုတ်သတင်မျိုးစိတ်သစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ယေဘုယျအားဖြင့် ရုပ်ကြွင်းတွေရှိတဲ့အထဲက  ပယင်းထဲတွေ့ရှိရတာဟာ အင်မတန်ရှားပါးပြီး အတုမရှိတဲ့ မျိုးသုဉ်းသွားတဲ့   ဇီဝရုပ်တစ်ခု ကိုကိုယ်စားပြုနေပါတယ်” လို့ ကွမ်မင်နီယပ်စ်တက္ကသိုလ်က ဒေါက်တာ အန်ဒရက်ဆာနန်စကီနှင့်သူ့လုပ်ဖော် ကိုင်ဖက်တွေက ပြောပါတယ်။

“ပယင်းထဲမှာ သုံးဖက်ရုပ်ကြွတိရိစ္ဆာန်တွေ၊သူတို့အစိတ်အပိုင်းတွေကို မကြာခဏရှိနေတတ်ပြီး နူးညံ့တဲ့တစ်သျှူးတွေလည်း ပါဝင်နေတတ်ပါတယ်” လို့ သူတို့ကပြောပါတယ်။

ဒီလိုမျိုး ထိန်းသိမ်းထားရှိမှာကိုအခြေခံရရင် အနည်းဆုံးပုသတ်သင်အုပ်စုတစ်စုရဲ့ ပုံမှန်အတိုင်းအတာပုံစံဟာ ခရီတေးရှပ်စ် ခေတ်အရောက်မှာ ဖွံ့ဖြိုးပြီးသားဖြစ်နေတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဥပမာ တောက်တဲ့တွေရဲ့ ကြမ်းထော်တဲ့ ခေါင်း စကေးနှင့် စေးကပ်တဲ့ ခြေထောက်အပြားတွေလိုမျိုးပေါ့” လို့ ပြောပါတယ်။

“ ဒိုင်နိုဆောတွေ ခြေဦးတည့်ရာသွားလာနေကြတဲ့အချိန်မှာရှိနေတဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ မျက်နှာကို ခင်ဗျားတို့ကြည့်ရ တာပဲ” လို့ ဗီလန်နိုဗာတက္ကသိုလ် ပါမောက္ခ အာရွန်ဘေရာက ပြောပါတယ်။

အဲဒီပုတ်သင်ရုပ်ကြွင်းပါဝင်တဲ့ ပယင်းကျောက်အစိတ်အပိုင်းကို မြန်မာနိုင်ငံ မြောက်ပိုင်း ကျောက်စိမ်းတွင်းနှင့် နီးကပ်နေတဲ့ ခမ္မတီးခရိုင်မှာတွေ့ခဲ့တယ်လို့သိရပါတယ်။

အဲဒီပယင်းကို စီတီစကန်နှင့်ရိုက်ကြည့်ပြီး ရုပ်ကြွင်းကို သုံးသပ်လေ့လာကြည့်ခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ဟာ တွဲဆက်ထားတဲ့ အရိုးစုတစ်ခုသာမက ပုတ်သင်ရဲ့ ပြင်ပအသွင်အပြင်ကိုပါ ရှားရှားပါးပါးလေ့လာ ခွင့်  ရခဲ့ပါတယ်။ တွားတွားသတ္တဗေဒပညာရှင်တွေ လက်ရှိမျိုးစိတ်တွေကိုလေ့လာနေတဲ့ နည်းအတိုင်းပါပဲ” လို့ ဆမ်ဟောက်စတန်ပြည်နယ်တက္ကသိုလ်က သုတေသနပညာရှင်ဒေါက်တာဂျူအန် ဒီယာဂိုဒါဇာကပြောပါတယ်။

ဒါဟာ ခရီတေးရှပ်ခေတ်အစောပိုင်းမှာ ပုတ်သင်မျိုးအုပ်စုကနေ ခွဲထွက်လာတာဖြစ််န်ိုင်ပြီး တောင်ပိုင်းတိုက်ကြီးတွေနှင့် အိန္ဒိယ နေရာဖြစ်တဲ့ ဂွန်ဝါနာလိုနေရာမျိုးမှာရှိခဲ့တာပါ” လို့ ဘရစ်စတိုတက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ အာနိုးဘိုလက် ကပြောပါတယ်။

“ ယနေ့မြန်မာနိုင်ငံနေရာဖြစ်တဲ့ Burma Terrane microplate ဟာ ပုတ်သင်တွေနေခဲ့တဲ့အဲဒီခေတ်တုန်းက အာရှရဲ့အစိတ် အပိုင်း ဖြစ်ပုံမရဘူး” လို့သူကပြောပါတယ်။

ဒီတွေ့ရှိမှုဟာ အငြင်းပွားစရာ ရှိနေဦးမှာဖြစ်ပြီး ဒီဒေသမှာ ခရီတေးရှပ်ခေတ်တုန်းက တိရိစ္ဆာန်မျိုးနွယ်တွေရဲ့ ဇာစ်မြစ်ကို အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်တွေလုပ်ဖို့လိုဦးမှာဖြစ်တယ်” လို့ ပညာရှင်တွေက ကောက်ချက်ချပါတယ်။

ဒီတွေ့ရှိချက်ကို Scientific Reports ဂျာနယ်မှာ စာတမ်းအဖြစ်တင်ပြထားတာဖြစ်ပါတယ်။

Source Nature.com