#LocalNews
Published - 10 Feb 2022

 

လတ်တလောပျံ့နှံလာသော ကိုဗစ်မျိုးကွဲ အိုမီခရွန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးဖွင့်လှစ်ခဲ့သော NTR ၅၀၀ တန် အဝစားဇလုံထမင်းဆိုင်ကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်ကစ၍ ခေတ္တပိတ်မည်ဖြစ်ကြောင်း အဆိုပါ ဆိုင်က သိရသည်။

 

"အားလုံးရဲ့ ကျန်းမားရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ NTR ၅၀၀ ကျပ်တန်ဇလုံထမင်းဆိုင်ကို ဒီနေ့စပြီးတော့ ခေတ္တပိတ်မှာပါ။လာရောက်အားပေးစားသုံးကြတဲ့ ရပ်နီးရပ်ဝေးဖောက်သည်တွေကိုလည်း အသိပေးပါရစေ။

 

ပြန်ဖွင့်မယ့်နေ့ကိုလည်း ပြန်လည်အကြောင်းကြားပေးပါမယ်။ဆိုင်ပိတ်ရက်အတွင်းမှာ ပါဆယ် ၅၀ နဲ့ အထက်ဆိုရင် လက်ခံပြီး ဆောင်ဝန်ဆောင်မှုပေးမှာပါ။ ၂ ရက်တော့ ကြိုတင်ပြီးအော်ဒါမှာပေးစေချင်ပါတယ်"ဟု အဆိုပါ ဆိုင်၏ တာဝန်ရှိသူကပြောသည်။

 

NTR ၅၀၀ တန် အဝစားဇလုံထမင်းဆိုင်အနေဖြင့် နေ့လယ်စာထမင်းတစ်နပ်ကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသောကြောင့် အောက်ခြေလူတန်းစားများ အားကိုးရသော ၊ အောက်ခြေလူတန်းစားများအတွက် အလွန်အထောက်အကူပြုသော ဆိုင်တစ်ဆိုင်လည်း ဖြစ်သည်။

ymg/mt
#Yangon_Media_Group