#Published- 9 feb 2022
ဖေဖော်ဝါရီလ ၉ရက် ယနေ့ ညနေ ၆နာရီ၁၅မိနစ်အချိန်ခန့်ကမကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ်၊မကွေး-ကံပြားလမ်းမကြီးဘေးတွင် ဆီဆိုင်မီးလောင်မှုဖြစ်ပွား​ခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုသတင်းအရမကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၂)စီး၊ မကွေးခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၇)စီး၊ မင်းဘူးမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ထောက်ရှာပင် နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ရွှေရောင်တော် သီးသန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အောင်မြေရတနာ ပရဟိတအသင်းမှ မီးသတ်ယာဉ် (၂)စီး၊ ဗဒင်ပုဂ္ဂလိကမှ ရေသယ်ယာဉ် (၁)စီး၊ တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုဖြစ်စဥ်မှာ မီးလောင်ကျွမ်းမှုများပြားခဲ့တာကြောင့်အနီးပတ်ဝန်းကျင်နေထိုင်သူများ အရေးပေါ်ရွေ့ပြောင်းခဲ့ရပြီး
၇နာရီ ၁၀မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ကာ ၇နာရီ မိနစ်၅၀ခန့်တွင်မီးငြိမ်းသွားမီးလောင်မှုအကြောင်းကိုစုံစမ်းနေဆဲဖြစ်တယ်မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ကသိရပါတယ်။
ymg/hm