#LocalNews
Published- 2 Feb 2022


ကယားပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် လူပေါင်းတစ်သောင်းသုံးထောင်ခန့်ဟာရှမ်းပြည်နယ်တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုပေါင်းစပ်ညှိနှိုင်းရေရုံး OCHA ကသိရပါတယ်။

OCHAက ထုတ်ပြန်ရာမှာမြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး အထူးသဖြင့် ကယားပြည်နယ်မှာ လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ ရှိနေကာ ကယားပြည်နယ်ထဲက လူ‌ပေါင်း ၁၃,၀၀၀ ခန့်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်လေးခုသို့ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ကြရတယ် လို့ဖော်ပြထားပါတယ်။

လတ်တလောမှာတိုက်ပွဲရှောင်တွေဟာ ဆီဆိုင်မြို့နယ်မှာ ၅,၀၀၀၊ ပင်လောင်းမြို့နယ်မှာ ၄,၀၀၀၊ ညောင်ရွှေမြို့နယ်မှာ ၃,၀၀၀ နဲ့ တောင်ကြီးမြို့နယ်တို့မှာ ၁,၀၀၀ ခန့် ယာယီနေထိုင်နေကြရကာလုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် ကယားပြည်နယ်ထဲမှာ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူအချို့ ဟာ လုပ်ငန်းတွေကို ရပ်နားထားရသလို ဝန်ထမ်းတွေကို လုံခြုံတဲ့ နေရာတွေဆီကို ပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

ဆက်လက်လုပ်ငန်းဆောင်ရွက်နေကြသူ မိတ်ဖက်များကတော့ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ လူထုအခြေပြုအဖွဲ့အစည်းတွေက တဆင့် ထိခိုက်လွယ်သူနဲ့ တိုက်ပွဲရှောင်လာသူများအတွက် အရေးပေါ် အကူအညီနဲ့ အကာအကွယ်ပေးရေးအစီအစဉ်တွေ ဆက်လက်ပေးအပ်နေပြီး၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံတဝှမ်းမှာ လူဦးရေ ၄၂၅,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ OCHAရဲ့ အချက်အလက်အရသိရပါတယ်။
ymg/hm
#Yangon_Media_Group