#LocalNews
Published -30 Jan 2022

 

ဇန်နဝါရီလ ၃၀ ရက်နေ့ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်တွင် ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကာ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီမိနစ်၂၀ အချိန်ခန့် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ် သီရိမင်္ဂလာဈေးရှေ့တွင် ယာဉ်(၄)စီးတိုက်မိကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း အနီးပတ်ဝန်းကျင်ရှိသူတစ်ဦးက "ရွှေရောင်သမိုင်း" အသင်းရုံးသို့ ဆက်သွယ်အကြောင်းကြားတာကြောင့် သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို "ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO) လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အချိန်နဲ့တစ်ပြေးညီထွက်ခွာ၍ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦးအား ကနဦးပြုစုမှုများ ဆောင်ရွက်ပေးကာ မြောက်ဥက္ကလာပဆေးရုံသို့ အခမဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group