#LocalNews

Published- 27 Jan 2022

 

ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးထံကနေ ဒီကနေ့ အိုမီခရွန် ရောဂါပိုးထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ယခုဆိုရင် အိုမီခရွန်ရောဂါးပိုးတွေ့ရှိသူ အယောက် ၂၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

 

ရောဂါပိုးတွေ့ရှိသူတွေဟာ Relief Flight နဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ယူအေအီးနိုင်ငံမှ ၂ ဦး၊ မလေးရှားနိုင်ငံမှ ၇ ဦး၊ အိန္ဒိယနိုင်ငံမှ ၂ ဦး၊ ကိုရီးယားနိုင်ငံမှ ၃ ဦး၊ စင်ကာပူနိုင်ငံမှ ၆ ဦး၊ ထိုင်းနိုင်ငံမှ ၇ ဦးနဲ့ ဂျပန်နိုင်ငံက ၁ ဦးတို့ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယခုတစ်ကြိမ်ထပ်မံ၍ အိုမီခရွန်ပိုးတွေ့ရှိသူများအပါအဝင် မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၂၁၁ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ယူအေအီနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၄ ဦးမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်သူတွေဆီကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုလက်ရှိ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ရုရှားနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူတွေထံက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

YMG/ei
#Yangon_Media_Group