#LocalNews
Published- 27Jan 2022

 

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း တရားမဝင် မြန်မာလုပ်သားများတင်ဆောင်လာသောယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာမြန်မာလုပ်သား၅ဦးသေဆုံးခဲ့တယ်လို အလုပ်သမားသံအရာရှိရုံးကနေသိရပါတယ်။

 

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၀ရက်နေ့ကကန်ချနဘူရီပြည်နယ်အတွင်း အမှတ် ၃၂၃ လမ်းမကြီး၊ သွန်ဖာဖမ်ခရိုင်မှ တရားမဝင်အလုပ်သမား တင်ဆောင်လာသော ပစ်ကပ်မော်တော်ယာဉ်တစ်စီးမှာ ဆိုင်ရိုခရိုင်သို မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ် အခြေအနေအရ သွန်ဖာဖမ်ဘက်သို ပြန်လှည့်ခဲ့ပြီး ဆယ်ဘီး ကားအား နောက်မှ ဝင်တိုက်ကာဟန်ချက်ပျက်တိမ်းမှောက်ခဲ့ရာ အလုပ်သမား ကျား ၄ ဦး၊ မ ၆ ဦးအနက် ၅ ဦးသေဆုံးခဲ့တာဖြစ်တယ်လိုသိရပါတယ်။

 

အလုပ်သမားသံအရာရှိရုံးအနေနဲ့မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူများရဲ့ ခရီးဆောင်အိတ် များမှ တစ်ဆင့်အထောက်အထားများ ရရှိခဲ့ပြီး ကန်ချနဘူရီ လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်း တွင် ထားရှိသော သေဆုံးသူများရဲ့ရုပ်အလောင်းများကိုပါ စိစစ်ခဲ့ရာ အချိုကို မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် ခက်ခဲနေဆဲလိုသိရပါတယ်။

 

ယာဥ်တိမ်းမှောက်မှုတွင်ပါဝင်သူများမှာ ဇန်နဝါရီလ ၁၃ရက်နေ့က ပဲခူးမြိုမှ ဘုရားသုံးဆူမြိုနယ်သို ရောက်ရှိကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ သွန်ဖာဖမ်ခရိုင်သို ဝင်ရောက်လာပြီး တောလမ်းခရီးဖြင့် စိုင်ရိုခရိုင်နယ်စပ်သို ရောက်ရှိပြီး ကန်ချနဘူရီပြည်နယ်အတွင်း ဝင်ရောက်စဉ် စစ်ဆေးရေးဂိတ် အား တွေ့၍ လှည့်ပြန်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း၊ ယာဉ်မောင်းသူမှာ မူးယစ် ဆေးဝါးသုံးစွဲထားသည်ဟု ယူဆရကြောင်း၊ ပွဲစားများကို လုပ်အားခရရှိပါက ဘတ် ၂၇၀၀၀ ပေးချေရမည်ဖြစ်ပါကြောင်း ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိသူ များထံကသိရပါတယ်။

 

မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူ ၁၀ ဦးအနက် ကျား ၄ ဦးတွင် ၃ ဦးသေဆုံးကာ ၁ ဦး ဆေးရုံ တက်လျှက်ရှိပြီး မ ၆ ဦးတွင် ၃ ဦး ကျန်းမာ၊ ၂ ဦး သေဆုံး၊ ၁ ဦး ဆေးရုံတက်ရောက်လျှက်ရှိပြီး သေဆုံးသူ ရုပ်အလောင်းများ သင်္ဂြိုဟ်ပေးနိုင်ရေး အလုပ်သမား သံအရာရှိရုံး၊ ဗန်ကောက်သို လွှအပ်ကြောင်း ထောက်ခံစာ လိုအပ်ကာ အလုပ်သမားသံအရာရှိရုံးကသေဆုံးသူ၏ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ လျော်ကြေးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက် ပေးသွားမယ်လိုသိရပါတယ်။

 

YMG/hm
#Yangon_Media_Group