#LocalNews
Published - 27 Jan 2022

 

ပြည်ပနိုင်ငံက တင်သွင်းတဲ့ ကုန်စည်အချို့အနေနဲ့ သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုအပ်တဲ့ ကုန်စည်လိုင်းအချိုု့ကို ကုန်သွယ်ရေးဦးစီးဌာနက ထပ်မံထုတ်ပြန်လိုက်ပါတယ်။

 

ပြည်ပနိုင်ငံကတင်သွင်းတဲ့ ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်လျှောက်ထားရမယ့်စနစ်ကို ဇန်နဝါရီလက ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်ပြီး လိုင်စင်လျှောက်ထားရမယ့် ကုန်စည်လိုင်းတွေကို ဝန်ကြီးဌာနက ထုတ်ပြန်ပေးနေပါတယ်။

 

ယခုအခါ သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်း HS. Code 6 digit နဲ့ ၄၅၁ လိုင်း သို့မဟုတ် HS. Code 10 digit နဲ့ ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းအဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

 

ကုန်စည်တွေအနေနဲ့ စားသောက်ကုန်အချို့၊ ပလက်စတစ်အခြေခံ တစ်ဝက်တစ်ပျက်ကုန်ချောပစ္စည်းနဲ့ အိမ်သုံးပစ္စည်းအချို့၊ သစ်သားပျော့ဖတ်၊ ပိုးချည်၊ ဝါချည်၊ ကော်ဇောကဲ့သို့သော ကြမ်းခမ်းများ၊ ချည်ထည်ပစ္စည်း၊ ဖန်ထည်ပစ္စည်းအမျိုးမျိုး၊ စက်ဘီးနဲ့ မော်တော်ယာဉ်အပိုပစ္စည်းတို့ ဖြစ်ပါတယ်။

 

ယခုကြေညာထားတဲ့ ကုန်စည်လိုင်းတွေကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ တင်သွင်းတဲ့အနေရာမှာ မတ်လ ၁ ရက်နေ့က စတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှသာ တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

 

သွင်းကုန်လိုင်စင်လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်း HS. Code 10 digit နဲ့ ၄,၉၃၁ လိုင်းနဲ့ HS. Code 10 digit နဲ့ ကုန်စည်လိုင်း ၃,၀၇၀ လိုင်းတို့ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

 

လိုင်စင်လျှောက်ထားလိုသူတွေအနေနဲ့ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်တာကို နေပြည်တော်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်က ကုန်သွယ်ရေးဌာန၊ မူဝါဒဌာနခွဲမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

YMG/ei
#Yangon_Media_Group