#LocalNews
Published - 26 Jan 2022

 

YBS ခရီးသည်တင်ယာဉ်များပေါ်တွင် ပေါက်ကွဲမှု၊မီးလောင်မှု အပါအဝင် အခြားဖြစ်စဉ်များ အကြိမ် ၃၀ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ - YRTC ၏ စာရင်းများအရ သိရသည်။

 

ယင်းမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Omni Focus Generals Service Public ကုမ္ပဏီပိုင်ယာဉ်လိုင်းတွင် ပေါက်ကွဲမှု ၃ ကြိမ် ၊ ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက်ပိုင်ယာဉ်လိုင်းတွင် ပေါက်ကွဲမှု ၃ ကြိမ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ခေတ်သစ်ဘုရင့်နောင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီပိုင်ယာဉ်လိုင်းများတွင် မီးလောင်မှု ၂ ကြိမ် ၊ ပေါက်ကွဲမှု ၁ ကြိမ် ၊အခြားဖြစ်စဉ် ၁ ခု ၊ YUPT Public ကုမ္ပဏီပိုင်ယာဉ်လိုင်းတွင် မီးလောင်မှု ၂ ကြိမ် ၊ YBPC ကုမ္ပဏီပိုင် ယာဉ်လိုင်းတွင် မီးလောင်မှု ၁ ကြိမ် ၊ ပေါက်ကွဲမှု ၁ ကြိမ်၊ အခြားဖြစ်စဉ် ၁ ခု ၊Omni Focus Generals Service Public ကုမ္ပဏီပိုင်ယာဉ်လိုင်းတွင် မီးလောင်မှု ၁ ကြိမ် ၊ပေါက်ကွဲမှု ၃ ကြိမ်၊အခြား ဖြစ်စဉ် ၁ ခု ၊ ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက်ပိုင်ယာဉ်လိုင်းတွင် မီးလောင်မှု ၁ ကြိမ် ၊ ပေါက်ကွဲမှု ၃ ကြိမ် ၊ လူထုမိတ်ဆွေအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ပိုင်ယာဉ်လိုင်းတွင် ပေါက်ကွဲမှု ၁ ကြိမ် နှင့် အခြား ဖြစ်စဉ် ၁ ခု၊အမြင့်မြတ်ဆုံးအင်အား သယ်ယူပို့ဆောင်ရေးအုပ်စု အများနှင့်သက်ဆိုင်သေ ာကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် ပေါက်ကွဲမှု ၁ ကြိမ် နှင့် အခြားဖြစ်စဉ် ၁ ခု ၊ Power Eleven Public ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် ပေါက်ကွဲမှု မီးလောင်မှု မရှိဘဲ အခြားဖြစ်စဉ် ၁ ခု ၊ ပုဂ္ဂလိက ကြီးကြပ်အဖွဲ့ YBS ယာဉ်လိုင်းအမှတ် ၂၂ တွင် ပေါက်ကွဲမှု ၁ ကြိမ်၊ရွှေလမ်းခင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် မီးလောင်မှု ၁ ကြိမ်၊ GYCT Public ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် မီးလောင်မှု ပေါက်ကွဲမှုမရှိဘဲ အခြားဖြစ်စဉ် ၁ ခု ၊ ရွှေတောင်ပိုင်းသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် မီးလောင်မှု ၁ ကြိမ်၊ရွှေပြည်သာသား ခရီးသည်ပို့ဆောာင်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် ပေါက်ကွဲမှု ၁ ကြိမ်၊ကုန်းဘောင်ရန်ကုန် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ပိုင် ယာဉ်လိုင်းတွင် မီးလောင်မှု ၁ ကြိမ် ၊ YRTC (အဝေးပြေး)တွင် ပေါက်ကွဲမှု ၁ ကြိမ် အသီးသီး ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် က စ၍ နိုင်ငံရေးအပြောင်းအလဲကြောင့် ယင်းကာလနောက်ပိုင်းမှစ၍ လက်ရှိကာလထိ ဖောက်ခွဲမှုများ၊ပစ်ခတ်မှုများ၊မီးရှို့မှုများအပါအဝင် ပဋိပက္ခဖြစ်စဉ်အများအပြား ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 

YMG/mt
ဓာတ်ပုံ-CJ(ပုံစာ-၂၀၂၁ ခုနှစ်က Omni Focus Generals Service Public ကုမ္ပဏီပိုင်ယာဉ်တစ်စီးပေါက်ကွဲမီးလောင်နေသည်ကို တွေ့ရစဉ်။
#Yangon_Media_Group