Published-27 July 2021

မြန်မာနိုင်ငံက တယ်လီနောမြန်မာ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းကို နော်ဝေထံကနေ ပြန်လည်ဝယ်ယူလိုက်တဲ့ လက်ဘနွန်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံတဲ့ကုမ္ပဏီကြီး M1 Group ရဲ့ ပူးတွဲပိုင်ဆိုင်သူ နာဂျစ် မက်ကက်တီဟာ တနင်္လာနေ့က လက်ဘနွန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ်ရွေးချယ်ခံရပါတယ်။

အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံတန်ဖိုးရှိတဲ့ M1 Group ကြီးရဲ့ ပူးတွဲတည်ထောင်သူ နာဂျစ်မက်ကက်တီဟာ ထရီပိုလီဇာတိဖြစ်ပြီး လက်ဘနွန်ရဲ့ အစားအစာနှင့်ဆေးဝါးပြတ်လတ်မှုတွေရယ်၊ ငွေကြေးအကျပ်အတည်းတွေရယ်ကို ရင်ဆိုင်ဖြေရှင်းရတော့ မှာဖြစ်တယ်လို့ Forbes မဂ္ဂဇင်းကြီးကရေးသားဖော်ပြလိုက်ပါတယ်။
ဟားဗက်ပညာတတ် မက်ကက်တီဟာ အသက်၆၅နှစ်ရှိပြီး လက်ဘနွန်ကို ပုံမှန်အခြေအနေပြန်လည်ရရှိအောင် အတော်ကြိုးစားရပါလိမ့်မယ်။
သူကတော့ အစိုးရအဖွဲ့ကိုကောင်းမွန်စွာဖွဲ့နိုင်ပြီး လက်ဘနွန်ကို ပြန်လည်ထူထောင်ရေး ကောင်းစွာလုပ်နိုင်မယ်လို့ အကောင်းမြင်နေသူဖြစ်ပါတယ်။ ဒီအချိန်ဟာ လက်ဘနွန်ပြည်သူတွေအားလုံးလက်တွဲကြရမယ့် အချိန်လို့လည်း သူက ပြောကြားပါတယ်။
သူ့ဆီမှာ ပဉ္စလက်ကြိမ်လုံးလည်းမရှိဘူး၊အံဘွယ်ဘနန်းဖြစ်အောင်လည်းမလုပ်တတ်ဘူး လို့ သူကပြောပါတယ်။ သူရဲ့ အစိုးရအဖွဲ့ဆီကနေ ပထမဆုံးအတည်ပြုချက်ရယူရမယ့်ကိစ္စက ပြင်သစ်ဦးစီးဦးရွက်ပြုအစီအစဉ်ပဲဖြစ်ပါတယ်။ အဲဒါကတော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံက အကူအညီတွေရဖို့ ပြင်သစ်အစိုးရရဲ့ အဆင့်ဆင့်သော အစီအစဉ်တွေပဲဖြစ်ပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
သူဟာ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၅ခုနှစ်မှာတစ်ကြိမ်၊၂၀၁၁မှ ၂၀၁၄ခုနှစ်အထိ တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု တတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန်ယူလိုက်တာဖြစ်ပါတယ်။
တယ်လီနော နော်ဝေးက မက်ကက်တီတို့ရဲ့ M1 Group ကို မြန်မာနိုင်ငံရဲ့ တယ်လီနော မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁၀၅သန်းနှင့်ရောင်းချခဲ့ကြောင်း
ဇူလိုင်(၈)ရက်နေ့က တယ်လီနောကုမ္ပဏီကသတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: Agencies News