#LocalNews

Published  -23 Jan 2022

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် နှင့် တာမွေမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။
 
ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁နာရီ ၁၀မိနစ် အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ လမ်းမတော်မြို့ နယ်၊ (၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ ----- အိမ်ရာရှေ့ကားလမ်းသို့ ရောက်ရှိလာသည့် ရဲထွန်း၀င်း(ခ)သားသား မောင်းနှင်ပြီး တင်အောင်အေး(ခ)မယ်တင် လိုက်ပါလာသော TOYOTA COROLLA SPACIO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ရဲ၀င်းထွန်း (ခ)သားသား ထံမှ မက်သ်အဖက်တမင်း(ICE)အလေးချိန် ၃၃ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁.၅၅ သိန်း)၊စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၈ သိန်း)၊ မော်တော်ယာဉ် အတွင်းမှ ဘိန်းဖြူအလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
ထပ်မံ၍ စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂နာရီ မိနစ်၄၀ အချိန် တွင်တာမွေမြို့ နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ တောင်မြင်းပြိုင်ကွင်းလမ်းရှိ ရဲထွန်း၀င်း(ခ)သားသား ၏ နေအိမ်တိုက်ခန်းအား ၀င်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်  ၁၆.၉၅ သိန်း)နှင့် မက်သ်အဖက်တမင်း(ICE)အလေးချိန် ၁၄၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၉ သိန်း)တို့ အား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှ  ရဲထွန်း၀င်း(ခ)သားသား(၄၆)နှစ် နှင့် တင်အောင်အေး(ခ)မယ်တင်(၃၆)နှစ် တို့ အား လမ်းမတော်မြို့ ရဲစခန်း နှင့် တာမွေမြို့ မရဲစခန်းတို့ တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
 
#Yangon_Media_Group