#LocalNews
Published- 21 Jan 2022

 

ရန်ကုန် - ပဲခူးပြေးဆွဲနေတဲ့ Yangon – Bago Smart City Bus ယာဉ်လိုင်းအနေနဲ့ လက်ရှိကာလမှာ စက်သုံးဆီစျေးနှုန်းတွေကြီးမြင့်လာတာကြောင့် ယာဉ်စီးခနှုန်းထားတွေကို ဇန်နဝါရီလ ၂၄ ရက်နေ့ကနေစတင်ပြီး တိုးမြှင့်ကောက်ခံတော့မှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

 

စတင်ပြေးဆွဲစဥ်က ရန်ကုန် - ပဲခူး၊ ပဲခူး - ရန်ကုန် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခဈေးနှုန်းမှာ (၂,၀၀၀)ကျပ်ဖြစ်ပြီး၊ အခုအခါ ဆီဈေးတွေတက်တာကြောင့် ရန်ကုန် - ပဲခူး၊ ပဲခူး - ရန်ကုန် ခရီးစဉ်အတွက် ယာဉ်စီးခကို (၃,၀၀၀) အထိ တိုးမြှင့ ကောက်ခံသွားမယ်လို့ သိရပါတယ်။

 

ပြင်ဆင်သတ်မှတ်မယ့် ယာဥ်စီးခနှုန်းကုန် - ပဲခူး(၃,၀၀၀)ကျပ် လှည်းကူး - ပဲခူး (၁,၀၀၀)ကျပ် ပဲခူး - ရန်ကုန် (၃,၀၀၀)ကျပ် လှည်းကူး - ရန်ကုန် (၁,၀၀၀)ကျပ် သတ်မှတ်လိုက်ပြီး ပဲခူး - ရန်ကုန် ကားထွက်ချိန်နံနက် ၆ နာရီ ၃၀ မိနစ်၊နံနက် ၇ နာရီ ညနေ ၄ နာရီနဲ့ ညနေ ၅ နာရီတို့ဖြစ်ကာ ရန်ကုန် - ပဲခူး ကားထွက်ချိန် နံနက် ၇ နာရီ ၊နံနက် ၇ နာရီ ၃၀ မိနစ်နဲ့ ညနေ ၄ နာရီနဲ့ ၅ နာရီတို့ဖြစ်ပါတယ်။

 

Smart City Bus ယာဥ်လိုင်းသစ်ကို ပြည်တွင်းထုတ် Daewoo Bus တွေနဲ့ ဒီဇင်ဘာလ (၁၅) ရက်ကစပြီး ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းသစ်လည်းဖြစ်ပါတယ်။

 

YMG/hm
#Yangon_Media_Group