#LocalNews

Published-20 Jan 2022

 

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းကိုဆောင်ရွက်လျက်ရှိရာ ပြည်ပမှပြန်လည်ဝင်ရောက်လာသော ကိုဗစ်ရောဂါပိုးတွေ့ရှိသူများအနက် မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်ကြောင်း သံသယဖြစ်ဖွယ်နမူနာများကိုစစ်ဆေးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အိုမီခရွမ် ဓါတ်ခွဲနမူနာ ၂၈ ခုတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

အဆိုပါ အိုမီခရွန်တွေ့ရှိသူများမှာ မြန်မာနိုင်ငံသား ၂၈ ဦးဖြစ်ပြီး Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး မလေးရှားနိုင်ငံမှ ၁၁ ဦး၊ဖိလစ်ပိုင်နိုင်ငံမှ ၆ ဦး၊ ထိုင်းနိုင်ငံမှ ၃ ဦး၊စင်ကာပူနိုင်ငံမှ ၄ ဦး၊အိန္ဒိယနိုင်ငံမှ ၂ ဦး၊ယူအေအီးနိုင်ငံမှ ၁ ဦးနဲ့ ရုရှားနိုင်ငံမှ ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ အိုမီခရွမ်ပိုးတွေ့ရှိသူများကို သီးသန့်ခွဲကာစောင့်ကြည့်ကုသမှုပေးနေပြီး လေယာဉ်အတူလိုက်ပါစီးနှင်းလာသူများကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

 

ယခုတစ်ကြိမ်ထပ်မံ၍ အိုမီခရွန်ပိုးတွေ့ရှိသူများအပါအဝင် မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၄၆ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ပထမအကြိမ်တွေ့ရှိမှုအနေနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ယူအေအီ့းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၄ ဦးမှာ စတင်တွေ့ရှိတာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့က ဒုတိယအကြိမ် မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၁၂ ဦး တိုထံမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

တတိယအကြိမ်အဖြစ် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား ၃ ဦးကို ဇန်နဝါရီ ၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂ ဦးနဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံသား ၄၀ ဦးနဲ့ နိုင်ငံခြားသား ၂ ဦး၊ စုစုပေါင်း ၄၂ ဦးအပြင် နောက်ထပ် အဲနေ့မှာပင် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံခြားသား ၃ ဦး၊ မလေးရှားနိုင်ငံမှ နိုင်ငံခြားသား ၁ ဦးတို့ဆီက တွေ့ရှိခဲ့ပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက်မှာ မြန်မာနိုင်ငံသား ၅ ဦး၊ နိုင်ငံခြားသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား အတည်ပြုလူနာနဲ့ ထိတွေ့ မိသားစုဝင် ၂ ဦး ပေါင်း ၁၀ ဦးတို့မှာ တွေ့ရှိခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ဝင်ရောက်လာသူ ၃၆ ဦး၊ နိုင်ငံခြားသား ၆ ဦး စုစုပေါင်း ၄၂ ဦး တို့ထံက တွေ့ရှိခဲ့ပါတယ်။

 

ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်သူတွေဆီကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုလက်ရှိ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ ရုရှားနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူတွေထံက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

YMN/hm
#Yangon_Media_Group