Published: 24 July 2021

ဗြိတိန်နိုင်ငံခြားရေးရုံးက သူတို့အနေနဲ့ ဗြိတိန်မှာရှိတဲ့ မြန်မာမစ်ရှင်(သံရုံး)အကြီးအကဲအဖြစ် သံရုံးယာယီတာဝန်ခံတစ်ဦးကို ခန့်အပ် လိုက်တဲ့အကြောင်းကြားစာကို လက်ခံရရှိပါတယ်လို့ သောကြာနေ့ကပြောကြားကြောင်း ရိုက်တာကရေးပါတယ်။

မြန်မာသံရုံးသံအမတ်ကြီးကို ရာထူးကထုတ်ပယ်လိုက်ပြီးနောက် ယခုလို သံရုံးအကြီးအကဲအဖြစ် သံရုံးယာယီတာဝန်ခံတစ်ဦးကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

“ နိုင်ငံခြားရေး၊ဓနသဟာယနှင့်ဖွံ့ဖြိုးတိုးတက်ရေးရုံး(အက်ဖ်စီဒီအို)အနေနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း နှင့်အညီ  ယူကေရဲ့ မြန်မာမစ်ရှင်(သံရုံး)အကြီးအကဲအဖြစ် ယာယီသံရုံးတာဝန်ခံ ခန့်အပ်တာကို လက်ခံရရှိပါတယ်လို့ အဲဒီရုံးရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ရိုက်တာ သတင်းဌာနကိုပြောကြားခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Source: Reuters-