ကိုဗစ်ရောဂါကူးစက်မှုကွင်းဆက်ကို ဆက်လက်ဖြတ်တောက် ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိစေဖို့ ၂၀၂၁ခုနှစ်၊ဇူလိုင် (၂၆) ရက်နေ့မှ ဩဂုတ်လ (၁) ရက်နေ့အထိကို တစ်ဆက်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ထပ်တိုးလိုက်တယ်လို့ နစက ကအမိန့်ကြေညာစာထုတ်ပြန်လိုက်ပါတယ်။