ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံပိုင်ဆေးရုံများနဲ့ အများပြည်သူအတွက် လိုအပ်နေတဲ့ အောက်ဆီဂျင်အတွက် ပြည်တွင်းအလှူရှင်များ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင်အရည်များ တင်ဆောင်လာတဲ့ ကနဦးယာဉ်(၂) စီးဟာ ဇူလိုင်လ(၁၅) ရက်နေ့ညပိုင်းနဲ့ ဇူလိုင်လ (၁၆) မနက်အစောပိုင်းမှာ ရောက်ရှိလာတယ်လို့ သိရပါတယ်။