#LocalNews

Published - 8 Dec 2021

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုလေ့ကျင့်ရေးသင်တန်းများသို့ မြန်မာနိုင်ငံမှ သင်တန်းသား/သူ ၇၀၀ ကျော် တက်ရောက်ခဲ့ပြီး ထုတ်ကုန်များထုတ်လုပ်သည့်စွမ်းရည်ကို လေ့ကျင့်ပိုင်နိုင်ခဲ့ကြ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသတင်းက ထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေထောက်ပံ့မှုဖြင့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု လေ့ကျင့်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှစတင်၍ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး (၂) နှစ်တာကာလအတွင်း လေ့ကျင့်မှု ပေါင်း ၃၄ ကြိမ်ပြုလုပ်ခဲ့ ကာ မြန်မာနိုင်ငံမှ သင်တန်းသား/သင်တန်းသူ (၇၁၀) တို့က တက်ရောက်ခဲ့ကြတာပါ။

 

ဒါ့အပြင် ၎င်းတို့အနက် ၈၆ ရာခိုင်နှုန်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမှဖြစ်ပြီး ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးသင်တန်းသူများ ဖြစ်ကြတယ်လို့ သိရပါတယ်။

 

သင်တန်းတွင် ဒေသန္တရစိုက်ပျိုးသီးနှံများကိုအခြေခံ၍ အာဟာရရှိသော၊ ဘေးကင်းသော၊သန့်ရှင်းသော၊အရည်အသွေးမြင့် တန်ဖိုးမြင့်(value added) ထုတ်ကုန်များ ထုတ်လုပ်သည့်စွမ်းရည်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးလိုက်ကြောင်းနှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကို မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ။

#Yangon_Media_Group