#LocalNews

Published - 8 Dec 2021

MMA Fighter ကစားသမား ဖိုးသော်ဟာ လက်ရှိမှာ လမ်းလျှောက်သွားလာနိုင်ပြီဖြစ်ပြီး ပကတိ အနေအထားသို့ ရောက်သွားပါပြီ။ဒါပေမဲ့လည်း အနာအချို့ ကျန်နေသေးတာကြောင့် တပ်မတော်ဆေးရုံမှာပဲ ဆေးထည့်ကုသတာ ခံယူနေဆဲဖြစ်တယ်လို့ သူ့ရဲ့ မိသားစုဝင်က ပြောပါတယ်။

 

ဖိုးသော်ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက် ည ၁၀ နာရီကျော်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂)ရပ်ကွက် နတ်မောက်လမ်း၊ ကန်တော်ကြီးအတွင်းမှာ ရှိတဲ့ Team PT အားကစားလေ့ကျင့်ရေးခန်းမမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။အဲဒီကာလကတည်းက တပ်မတော် စစ်ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေရတာပါ။

 

သူ့မိသားစုနဲ့လည်း မေလ ၂၄ ရက်နေ့မှာ စပြီးတော့ တွေ့ခွင့်ပြုခဲ့တာလည်း ဖြစ်တယ်လို့ မိသားစုဝင်က ပြောပြပါတယ်။

 

"ကျန်းမာရေးကောင်းတယ်။အနာတွေ အနည်းအကျဉ်းတော့ ကျန်နေတယ်လေ။အဲဒါကို ဆေးထည့်တာတွေ လုပ်နေရတယ်။ဆေးရုံမှာပဲ ၊အရှင်းတော့ မပျောက်သေးဘူးလေ။အဲဒီအနာလေးတွေရှိနေသေးတော့ ဆေးထည့်နေရတာပေါ့။လူကတော့ သွားနိုင် လာနိုင်ပကတိလိုတော့ ဖြစ်သွားပါပြီ"လို့ ဖိုးသော်ရဲ့ မိသားစုဝင်တစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

#Yangon_Media_Group