Published: 14 July 2021

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးအတွက် အာဇာနည်နေ့၊ကူရ်ဘာနီအီးဒ်နေ့နှင့် ဝါဆိုလပြည့်နေ့ ရုံးပိတ်ရက်များနှင့်တစ်ဆက်တစ်စပ်တည်း အဖြစ် ဇူလိုင် ၁၇ရက် (စနေနေ့)မှ ဇူလိုင်၂၅ရက် (တနင်္ဂနွေနေ့)အထိ စုစုပေါင်း(၉)ရက်ကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် နစကက အမိန့်ကြော်ငြာစာဖြင့် ယနေ့ သတ်မှတ်ထုတ်ပြန်ကြေညာပါတယ်။

ရုံးပိတ်ရက်တွေရဲ့ကြားထဲကျရောက်နေတဲ့ ဇူလိုင်၂၀ရက်(အင်္ဂါနေ့)နှင့် ဇူလိုင်၂၂ရက် (ကြာသပတေးနေ့)တို့ကို အများပြည်သူ တစ်ဆက်တစ်စပ်တည်းဖြစ်အောင် အလုပ်ပိတ်ရက်များအဖြစ်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။