#LocalNews

Published - 8 Dec 2021

 

ပြည်တွင်းဖုန်းအော်ပရေတာ ၃ ခုဖြစ်တဲ့ MPT၊ အော်ရီဒူးနှင့် တယ်လီနော(မြန်မာ)တို့က ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မှစတင်ပြီး အင်တာနက်ပက်ကေ့ချ်ဈေးနှုန်များကို ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် အင်တာနက်ပက်ကေ့ချ်ဈေးနှုန်များ နှစ်ဆလောက် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာရဲ့ ညွှန်ကြားချက်အရ ပြည်တွင်းဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အစီအစဉ်ဈေးနှုန်းများကို မကြာမီ ပြောင်းလဲသတ်မှတ်တော့မယ်လို့ ကြေညာအပြီးမှာ ယခင်စျေးနှုန်းထက် ထက်ဝက်ကျော်ခန့်မြင့်တဲ့ အင်တာနက်ပက်ကေ့ချ်ဈေးနှုန်များကို ပြည်တွင်းဖုန်း အော်ပရေတာများက ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

ယခု ပြောင်းလဲသတ်မှတ်လိုက်တဲ့ ပြည်တွင်းဖုန်းအော်ပရေတာများရဲ့ အင်တာနက်ပက်ကေ့ချ်ဈေးနှုန်းထားများအရ တယ်လီနော(မြန်မာ)က ၄၂၀ MB ကို ၇၉၉ ကျပ်၊ ၅၂၅ MB ကို ၉၉၉ ကျပ်နှင့် ၈၄၅ MB ကို ၁၅၉၉ ကျပ် သို့လည်း ကောင်း၊ အော်ရီဒူးဖုန်းအော်ပ ရေတာက ၄၅၀ MB ကို ၈၉၉ ကျပ်၊ ၅၀၀ MB ကို ၉၉၉ ကျပ်နှင့် ၁.၅ GB ကို ၂၉၉၉ ကျပ်သို့ လည်းကောင်း၊ ထို့အတူ မြန်မာ့ဆက်သွယ် ရေး MPT က ၂၈၀ MB ကို ၆၉၉ ကျပ်၊ ၃၈၀ MB ကို ၇၉၉ ကျပ်၊ ၅၁၅ MB ကို ၉၇၉ ကျပ်နှင့် ၉၉၉ ကျပ်၊ ၆၇၅ MB ကို ၁၂၇၉ ကျပ်နှင့် ၁၂၉၉ ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။

 

ယခင်က ဆက်သွယ်ရေးကုမ္ပဏီတွေက ရောင်းချနေတဲ့ အင်တာနက်အသုံးပြုမှုဈေးနှုန်းတွေကတော့ အော်ရီဒူးနဲ့ တယ်လီနောက ၉၂၅ MB ကို ၉၉၉ ကျပ်ဖြစ်ပြီး အမ်ပီတီကတော့ ၉၅၀ MB ကို ၉၉၉ ကျပ်ဖြစ်ပါတယ်။

 

ဒါကြောင့် ယခုပြောင်းလဲသတ်မှတ်လိုက်တဲ့ အင်တာနက်ပက်ကေ့ချ်ဈေးနှုန်များဟာ ယခင်ကထက် နှစ်ဆလောက်မြင့်တက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group