#LocalNews

Published - 4 Dec 2021

နိုင်ငံရေးအခြေအနေအရ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီးချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံတာတွေမှာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်တွေမှာ ကျဆင်းမှုရှိလာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

ပြီးနောက် ကိုဗစ်-၁၉ ဖြစ်ပွားနေတာကြောင့် ကူးစက်မှုနှုန်း ကျဆင်းစေရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့တာကြောင့် အချို့လုပ်ငန်းတွေမှာ လစ်ဟင်းတာတွေဖြစ်ပေါ်ခဲ့တာကို နစက ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ပို့ကုန်သွင်းကုန်အနေနဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် အစီရင်ခံစာအရ ၂၀၁၉-၂၀၂၀ ခုနှစ်ထက် ကျဆင်းသွားသည်ကိုတွေ့ရပြီး  သွင်းကုန်တို့မှာ အဓိကသွင်းကုန်တွေအနေနဲ့ ရေနံထွက် ပစ္စည်း၊ စားအုန်းဆီ၊ ယာဉ်အပိုပစ္စည်း၊ ဆေးဝါး၊ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း၊ ဓာတ်မြေဩဇာ၊ လယ်ထွန်စက်နဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တာကို တွေ့ရှိရပြီး အများဆုံးမှာ ရေနံထွက်ပစ္စည်းနဲ့ စားအုန်းဆီတို့ ဖြစ်တယ်လို့ သိရပါ တယ်။

ဒ့ါအပြင် လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေခွန်အပါအဝင် အခွန်တွေ အပြည့်အဝမရရှိကြောင်းနဲ့ နယ်စပ်ဒေသတွေမှ ပြည်ပပို့ကုန်သွင်းကုန်တွေကို အခွန်ငွေကောက်ခံမှုတွေ စနစ်တကျမရှိတာတွေကြောင့် နိုင်ငံအတွက် နစ်နာတာတွေ များစွာဖြစ်ပေါ်နေတယ်လို့ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ပါတယ်။