#LocalNews

Published - 4 Dec 2021

မြန်မာနိုင်ငံတွင် တယ်လီဖုန်းတာဝါတိုင် ဖျက်ဆီးခံရတဲ့အထဲမှာ ရခိုင်ပြည်နယ်မှာတော့ တာဝါတိုင်တစ်ခုမှ ဖျက်ဆီးခံရတာမရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာတော့ တယ်လီဖုန်းတာဝါတိုင် ဖျက်ဆီးခံရတာမျိုး မရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီးမှာကတော့ ၁၇၁ တိုင်နဲ့ အများဆုံးဖျက်ဆီးခံရပြီး ဒုတိယအနေနဲ့ မန္တလေးတိုင်းဒေသကြီးမှာ ၆၆ ခု ဖျက်ဆီးခံခဲ့ရကာ မကွေးတိုင်းဒေသကြီးမှာ တတိယအများဆုံးအနေနဲ့ တယ်လီဖုန်းတာဝါတိုင် ၅၄ ခု ပျက်စီးခဲ့ပါတယ်။

 

ကျန်တိုင်းဒေသကြီး၊ ပြည်နယ်တွေအနေနဲ့ကတော့ နေပြည်တော်မှာက တစ်ခု၊ ကချင်ပြည်နယ်က ကိုးခု၊ ကယားပြည်နယ်မှာ တစ်ခု၊ ကရင်ပြည်နယ်မှာ ၁၁ ခု၊ ချင်းပြည်နယ်မှာက ငါးခု၊ တနင်္သာရီတိုင်းဒေသကြီးမှာ ခုနှစ်ခု၊ ပဲခူးတိုင်းဒေသကြီးမှာ ၂၀ ခု၊ ရှမ်းပြည်နယ်မှာ ၁၁ ခုနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၂ ခု ပျက်စီးဆုံးရှုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဖျက်ဆီးခံခဲ့ရတဲ့ တယ်လီဖုန်းတာဝါတိုင် ၄၀၉ ခုရှိပြီး Mytel တာဝါတိုင် ၃၆၀ ခု ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပါတယ်။

 

ဒါ့အပြင် MPT တာဝါတိုင် ၂၁ ခု၊ Telenor တာဝါတိုင် ၁၆ ခု၊ Ooredoo တာဝါတိုင် ၁၂ ခုနဲ့ Mytel တာဝါတိုင် ၃၆၀ ခုတို ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

#Yangon_Media_Group