#LocalNews

Published - 4 Dec 2021

ဒီကနေ့ နေ့လည်ပိုင်းအချိန်က ဒဂုံအရှေ့မြို့နယ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံး မီး လောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

 

"လ္ဘက်ရည်ဆိုင်က စ လောင်တယ်လို့ သိရပါတယ်။ လူနေအိမ် ၃ လုံး မီးလောင်ခံရတယ်။ တစ်အိမ်ကတော့ မီးနည်းနည်း အဟပ်ခံရတယ်။ အခုတော့ ရေခဲပါပြီ၊ မီးကိုငြိမ်းသတ်နိုင်ခဲ့ပါပြီ။"လို့ မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါမီးလောင်မှုကို Level -1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ နေ့လည် ၂ နာရီ ၄၀ မိနစ်အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်မှာတော့ မီးလောင်မှုဖြစ်စဥ်အကြောင်းအရင်း အသေးစိတ်ကို မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့။

#Yangon_Media_Group