#Local_News
Published_07 May 2024


▪️ ငါးမွေးမြူရေးလုပ်ငန်းများကို စိတ်ဝင်စားသူများ အနေဖြင့် ရန်ကုန်တက္ကသိုလ်၊ငါးလုပ်ငန်းပညာဌာနမှဖွင့်လှစ်မည့် 'ရေသတ္တဝါမွေးမြူရေးဆိုင်ရာဘွဲ့လွန်ဒီပလိုမာ‌'သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ရေသတ္တဝါမွေးမြူရေး ဆိုင်ရာဘွဲ့လွန်ဒီပလိုမာ‌ သင်တန်းကိုဇွန်လ(၁)ရက်၌စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီးမေလ(၈)ရက်မှ(၂၄)ရက်အတွင်း လျှောက် လွှာများထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

 

▪️ အဆိုပါသင်တန်းကို ဘွဲ့တစ်ခုရရှိထားသူ(ဘာသာ ရပ်အသီးသီးမှဘွဲ့ )မည်သူ မဆိုလျှောက်ထားနိုင်ကာ အသက်အရွယ်မကန့်သတ်ထားဘဲ သင်တန်းသားဦးရေ ၅၀လက်ခံသင်ကြားပေးမည်ဟု ဆိုသည်။

 

▪️ သင်တန်းကာလ(၉)လနှင့် Project Paper စာတမ်း ပြုစုဖြေဆိုရမည်ဖြစ်ပြီးအပတ်စဉ် စနေ၊တနင်္ဂနွေ မနက်၉နာရီမှ ညနေ၄နာရီအထိ သင်ကြားရမည်ဖြစ်‌ကြောင်းနှင့်သင်တန်းကြေး Semester တစ်ခုလျှင် (၂)သိန်းကျပ်ဖြင့်စုစုပေါင်း(၄)သိန်းကျပ် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times