#Local_News
Publicshed 7 May 2024

▪️ ယခုဘဏ္ဍာနှစ်စဖြစ်သည့် ၂၀၂၄ -၂၀၂၅  ဧပြီလတစ်လတာအတွင်း ပြည်ပသို့သတ္ထုတွင်းထွက်ပစ္စည်းများ တင်ပို့ရာတွင် ပုဂ္ဂလိကတင်ပို့မှုမှ ကန်ဒေါ်လာကိုးသန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 

▪️ ထိုသို့တင်ပို့ရာတွင်  ယခုဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်တင်ပို့မှုမရှိဘဲ ပုဂ္ဂလိကတင်ပို့မှု တစ်ခုတည်းသာရှိကြောင်း ၊ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။

 

▪️ လက်ရှိတွင်လည်း နေပြည်တော်၌ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ (၃) ရက်မှ (၁၂) ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

 

▪️ ယင်း ပြပွဲတွင် ပုလဲအတွဲပေါင်း (၄၀၀)၊ ကျောက်မျက် အတွဲပေါင်း (၁၆၀) နှင့် ကျောက်စိမ်းအတွဲပေါင်း (၄၅၅၀) တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times