#LocalNews

Published - 4 Dec 2021

 

ဆန်ဈေးကွက်အခြေအနေအရ စပါးထွက်ရှိမှု ရှိနေသော်လည်း၊ Container သင်္ဘာတန်ဆာခ မြင့်တက်နေပြီး မြန်မာပြည်မှ ဆန်စပါးဈေးကွက်မှာ ပြည်ပဈေးကွက်အခြေအနေအရ ဆန်တင်ပို့မှုနည်းပါသောကြောင့် ဆန်စပါးဈေးကွက် တည်ငြိမ်နေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်စောစပါးများထွက်ရှိမှုနဲ့ ဈေးကွက်အခြေအနေအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကောက်စောစပါးများ ရိတ်သိမ်းနေပြီး အချို့မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့လျက်ရှိရာ ဈေးနှုန်းများမှာ မြို့နယ်အလိုက်ကွာခြားမှုရှိနေသည်။ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်တွင် ပေါင် ၅၀ (၆၈၀,၀၀ဝိ/-)၊ကန်ကြီးထောင့်မြို့နယ်တွင် ပေါင် ၅၀ (၇၀၀,၀၀ဝိ/-) ဝန်းကျင်ရှိ ဈေးကွက်အနေဖြင့် စက်ပိုင်၊ ကုန်သည်များမှ အနည်းငယ်ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်တွင် ပေါင် ၅၀ ဈေးနှုန်း (၇၄၀,၀၀ဝိ/-၇၅၀,၀၀ဝိ/-)ရှိကာ စပါး ဈေးနှုန်းမြင့်တက်နေသော်လည်း ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေကာ ဆန်စက်များမှ စပါးဝယ်ယူစုဆောင်းမှုရှိနေသော်လည်း အမြတ်အစွန်းနည်းပါးခြင်း၊ တွက်ခြေမကိုက်ခြင်းကြောင့် ဆန်ကြိတ်ခွဲမှု အနည်းငယ်သာ ရှိနေတယ်လို့ သိရပါတယ်။

 

အိမ်မဲမြို့နယ်၏ ကောက်စောစပါးဈေးနှုန်းမှာ (၇၁၀,၀၀ဝိ/-) ရှိနေကာ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်နှင့် ဇလွန်မြို့နယ်များတွင် ဒေသအခေါ် ကွင်းဈေး ပေါင် ၅၀ (၇၀၀,၀၀ဝိ/-) ဝန်းကျင်ရှိနေပါတယ်။ဇလွန်မြို့နယ်တွင် စင်္ကာပူကုန်သည်မှတဆင့် ဆင်းသုခဆန် တန်ချိန် ၃ သောင်း ဝယ်ယူကာ အာဖရိကနိုင်ငံသို့ တင်ပို့ရန်အတွက် ဝယ်ယူလျက်ရှိနေတယ်လို့ သိရပါတယ်။

 

ကျိုက်လတ်မြို့နယ်တွင် ရက် ၉၀ စပါး ပေါင် ၅၀ ဈေးနှုန်း (၆၇၀,၀၀ဝိ/-၆၈၀,၀၀ဝိ/-)နှင့် ဧည့်မထစပါး ပေါင် ၅၀ ဈေးနှုန်း (၆၅၀,၀၀ဝိ/-)ရှိပြီး ၊ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက် ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။

 

ကျေးရွာများမှ ကိုယ်ပိုင်စက်လှေများဖြင့် ဆန်များကြိတ်ခွဲ၍ ရန်ကုန်မြို့ရှိ ကုန်သည်များအား သွားရောက်ရောင်းချမှု အနည်းငယ်သာရှိနေတယ်လို့ သိရပါတယ်။

#Yangon_Media_Group