#LocalNews

Published - 4 Dec 2021

ဒီကနေ့နံနက်အစောပိုင်းအချိန်က မကွေး-မြို့သစ်ကားလမ်းမကြီးပေါ်တွင် Express ယာဥ်တစ်စီး တိမ်းမှောက်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၅၀ အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေး-မြို့သစ်လမ်း၊ မိုင်တိုင် (၇၆/၁)ဖိုးလေးလုံးကျေးရွာအနီးမှာ Express ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ မကွေးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ထွက်ခွာ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး နံနက် ၆ နာရီ အချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရပါတယ်။

 

ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့လည်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဓါတ်ပုံ - MFSD၏

#Yangon_Media_Group