#Local_News
Publicshed 28 April 2024

▪️ ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဧပြီ၂၇ရက်ကပြန်ကြားရေးဝန်ကြီးဌာနက  သတိပေးထုတ်ပြန်လိုက်သည်။

 

▪️ အဆိုပါသတိပေးချက်၌ အချို့သောတေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပ တရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်းဖော်ပြထားသည်။

 

▪️ ထို့ပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများအနေဖြင့်လည်းလိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန်နှင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times