#Local_News
Published 28 April 2024

▪️ ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်သည့် ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်နိုင်ပြီဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကိုအိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်ရန် ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ် လိုက်ပြီဖြစ်သည်။

 

▪️ ယင်းဆိပ်ကမ်းများအား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီး ဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ (၂၄) ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊၎င်း ဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ border trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (OSS) များက ဧပြီ (၂၄) ရက်မှစ၍ တာဝန်ချထားစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ  လုပ်ငန်းရှင်များအနေဖြင့်  အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

▪️ လက်ရှိအချိန်ထိ  နယ်စပ်ဒေသ အခြေအနေများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အဓိကကုန်သွယ်မှု ဆောင်ရွက်နေသည့်  မူဆယ်ကုန်သွယ်ရေးစခန်း၊  မြဝတီကုန်သွယ်ရေးစခန်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများလည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်သည့်အပြင် ယာယီရပ်ဆိုင်းထားရမှုများလည်း ဖြစ်ပေါ်လျှက်ရှိရာ ယခုကဲ့သို့ ယာယီဆိပ်ကမ်းများမှတဆင့်တင်ပို့နိုင်ရန် ထပ်မံခွင့်ပြုလိုက်သည့်အတွက် အဆင်ပြေကြောင်းပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

 

#YMG/ NN #Yangon-Times