#LocalNews

Published - 3 Dec 2021

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာရဲ့ ညွှန်ကြားချက်အရ ပြည်တွင်းဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အစီအစဉ်ဈေးနှုန်းများကို မကြာမီ ပြောင်းလဲသတ်မှတ်သွားမှာဖြစ်ကြောင်း သတင်းများထွက်ပေါ် နေပြီး ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာအချို့ကလည်း ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် သုံးစွဲသူများထံ စာတို(message)များပေးပို့လျက်ရှိတယ်လို့ သိရပါတယ်။

 

အဆိုပါ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အစီအစဉ် ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်မှုကို ယခု ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြောင်းလဲသတ်မှတ်ဖွယ်ရှိ နေတယ်လို့လည်း ဆိုပါတယ်။

 

သို့သော်လည်း ဆက်သွယ်ရေးမိုဘိုင်းအော်ပရေတာတွေအနေနဲ့ နှုန်းထားများကို ဘယ်လိုပြောင်းလဲသတ်မှတ်သွားမယ်ဆိုတာကိုတော့ တိတိကျကျ ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပါဘူး။

 

ယခုလာမည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစပြီး မြန်မာတစ်နိုင်ငံလုံး Operator အားလုံး 999ks ကို 475MB ပဲဝယ်ယူရရှိနိုင်တော့မှာ ဖြစ်တယ်လို့လည်း လူမှုကွန်ရက်ပေါ်မှာ သတင်းများပြန်နှံ့နေတာပါ။

 

ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဆက်သွယ်ရေး ကုမ္ပဏီတွေက ရောင်းချနေတဲ့ အင်တာနက်အသုံးပြုမှု ဈေးနှုန်းတွေကတော့ အော်ရီဒူးနဲ့ တယ်လီနောက ၉၂၅ မီဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပြီး အမ်ပီတီကတော့ ၉၅၀ မီဂါဘိုက်ကို ၉၉၉ ကျပ်ဖြစ်ပါတယ်။

 

တယ်လီဖုန်းအသုံးပြုမှု နှုန်းထားတွေကတော့ အမ်ပီတီက တစ်မိနစ်ကို ၂၈ ကျပ်၊ တယ်လီနောနဲ့ အူရီဒူးကတော့ တစ်မိနစ်ကို ၃၉ ကျပ် ကျသင့်တာကို တွေ့ရပါတယ်။

#Yangon_Media_Group