#Local_News
Published 24 April 2024


▪️ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီဘုရား ၁၇ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်ပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ၏ သတင်းများအရ သိရသည်။

 

▪️ Pagoda Digital Directory များ တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြင့် အဆိုပါစေတီဘုရားများ၏ သမိုင်းအချက်အလက်များ၊ စေတီဘုရားများနှင့်ပတ်သက်သည့် အကြောင်းအရာများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း လေ့လာကြည်ညိုနိုင်စေရန်၊ ဘုရားဖူးလာရောက်မှု တိုးမြှင့်လာစေရန်၊ နိုင်ငံတကာဘုရားဖူးခရီးသွားများကို ဆွဲဆောင်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ စေတီ ဘုရား ၁၇ ဆူမှာ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၊ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ရွှေကျီးမြင်စေတီတော်၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော်မူစေတီတော်၊ ကျောက်ဆည်မြို့နယ်ရှိ ရွှေသိမ်တော်ဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားတို့အပြင် ညောင်ဦးခရိုင်အတွင်းရှိ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ မနူဟာဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ဓမ္မရာဇကဘုရားတိုတွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times