#Local_News
Published 24 April 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။

 

▪️ ဧပြီ (၂၄)ရက်၊ နံနက် (၁)နာရီ (၅၇)မိနစ်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

▪️ မီးလောင်ချိန် မှာ နံနက်အစော ပိုင်း ဖြစ်သဖြင့် မီးငြှိမ်းသတ်ရာတွင် အဆင်ပြေစေရန်အတွက်"မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး)မှလည်း မီးအလင်းရောင် ရရှိရေး အရေးပေါ်ကယ်ဆယ်ရေးယာဉ် (Lighting)ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထိုသို့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် နံနက် (၂)နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ မီးလောင်သည့် အကြောင်းရာ နှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#YMG/LW #Yangon_Times