#Local_News
Published 23 April 2024

▪️ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘုရားဝန်းအတွင်း "တိလောက သီတလ မဟာဗောဓိစေတီတော်မြတ် တည်ထားပူဇော်မည့်နေရာတွင် အနန္တရာယိက မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ၂ဝ၂၄ - ခုနှစ်၊ ဧပြီလ (၂၃)ရက် နံနက် (၀၆:၃၆) နာရီ ၌ပြုလုပ်ကျင်းပခဲ့ကြောင်း
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊  ပါဠိပါရဂူ ၊ မင်္ဂလာရာမပါဠိတက္ကသိုလ်၊ ဆရာတော်
ဘဒ္ဒန္တ ပညာသာရာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ၊ ဆရာတော်သံဃာတော်များအား ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်း မှ  ပရိတ်ရေ, ပရိတ်ပန်း, ပရိတ်ချည်, ပရိတ်သဲ, ပရိတ်ကျောက်တို့ကို ဆက်ကပ်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြောင်းသိရသည်။

 

▪️ ထို့နောက်  ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အလှည့်ကျသဘာပတိ ဦးစိန်သန်းမှ  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊ သ.စ.အ ဓမ္မာစရိယ၊  ပါဠိပါရဂူ ၊ မင်္ဂလာရာမကျောင်း၊ ဆရာတော် ဘဒ္ဒန္တ ပညာသာရာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ အလှူဒါနအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေ၍  ဆရာတော် သံဃာတော် အရှင်သူမြတ်များက ကမ္မဝါစာဖတ်ကာ မြေသန့်မင်္ဂလာ ပြုတော်မူ၍ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍
ပန္နက်တော်တင်၊တွင်းတော်ဝန်မင်္ဂလာအခမ်းအနားကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဆက်လက်ကျင်းပ၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times