#Local_News
Published_ 23 April 2024


▪️ ရေလမ်းကြောင်းပြောင်းလဲလာသဖြင့် သင်္ဘော၊ ရေယာဉ်များသွားလာနိုင်မည့် ဗိုလ်မြတ်ထွန်းတံတားရေလမ်းနှင့် ဧရာဝတီတံတား(ညောင်တုန်း)ရေလမ်းများကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

▪️ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကို မူလက အစုန်လမ်းရေလယ်တိုင်အမှတ်(၁၄)မှ(၁၅)အကြားမှလည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ ဧပြီ(၂၅)ရက်မှစပြီး အစုန်လမ်းကို ရေလယ်တိုင်(၁၁)မှ(၁၂)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။

 

▪️ အဆိုပါ ဗိုလ်မြတ်ထွန်းတံတားရေလမ်းမှာပဲ မူလက အဆန်လမ်းရေလယ်တိုင်အမှတ်(၁၃)မှ (၁၄)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါဧပြီ(၂၅)ရက်မှစပြီး အဆန်လမ်းကို ရေလယ်တိုင်(၁၀)မှ (၁၁)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်သည်။

 

▪️ ဧရာဝတီတံတား(ညောင်တုန်း)ရေလမ်းကို မူလက အစုန်လမ်းရေလယ်တိုင်အမှတ် (၁၅)မှ(၁၆)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ ဧပြီ(၂၅)ရက်မှစပြီး အစုန်လမ်းကိုရေလယ်တိုင်( ၁၆)မှ (၁၇)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

 

▪️ ယင်းဧရာဝတီတံတား(ညောင်တုန်း)ရေလမ်းကိုပဲ မူလကအဆန်လမ်းရေလယ်တိုင်အမှတ် (၁၄)မှ(၁၅)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပြီးယခုအခါ ဧပြီ(၂၅)ရက်မှစပြီး အဆန်လမ်းကိုရေလယ်တိုင်( ၁၅)မှ (၁၆)အကြားမှ သွားလာရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

 

▪️ ရေလယ်တိုင်နှစ်ခုကြား ရေယာဉ်များယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန် သတိပေးထားသလို တွဲဆိုင်းယာဉ်များ တစ်တွဲခြင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်နှင့် အစုန်ကိုဦးစားပေး၍ လမ်းကြောင်းမှန်ဖြင့်ထိန်းသိမ်းမောင်းကြရန်လည်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းသိရသည်။

 

#tthl #Yangon_Times