#Local_News
Published 19 April 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် မေလအတွင်း၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ရာ ကုသလိုသူများအနေဖြင့် မေ၁ရက်၌ လူနာမှတ်တမ်းစာအုပ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ  သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လာမည့်မေလ(၆)ရက်မှ မေလ (၈) ရက်အထိ သုံးရက်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီးထိုသို့ အခမဲ့ခွဲစိတ်ကုသပေးမှုသည် (၅၃)ကြိမ်မြောက် ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်တွင် ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာလမှစတင်ကာ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂ ၂ခုနှစ်၊ မေလတွ င် (၄၈)ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံကြီး #အခမဲ့မျက်စိခွဲစိတ်ကုသပေး #YMG/ NN #Yangon_Times