#Local_News
Published 19 April 2024


မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ရန်ကုန်-ကော့သောင်း-ရနောင်းနှင့်ရနောင်း-ကော့သောင်း-ရန်ကုန် ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ဆောင်ရွက်ခွင့်ပြုကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းအသစ်တစ်ခုအဖြစ် ယခုလို ကုန်သွယ်မှု ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်တင်ပို့ခြင်းကို ရန်ကုန်-ကော့သောင်း-ရနောင်း နှင့် သွင်းကုန်တင်သွင်းခြင်း ကို ရနောင်း-ကော့သောင်း-ရန်ကုန်မှ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့်ဆောင်ရွက်ခြင်း အတွက် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးတွဲပါစံပြလုပ်ငန်းစဉ်SOP များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

 

#Local_News #ရန်ကုန်-ကော့သောင်း- ရနောင်း #ကွန်တိန်နာစနစ်ဖြင့်ကုန်သွယ်ခွင့်ပြု #YMG/LW #Yangon_Times