Published_ 06 April 2024

မွန်ပြည်နယ်ရှိ တောင်ဝိုင်းတော်ပေါ်၌ ယနေ့ နေ့လယ်ပိုင်းက တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းလူမှုကူညီရေးအသင်းအဖွဲ့များမှသိရသည်။

အဆိုပါမီးလောင်အား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့များနှင့်လူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီ ကြကြောင်းသိရသည်။

' တောင်ဝိုင်းတောင်ပေါ်မှာ တောမီးလောင်နေတာဟုတ်ပါတယ်၊ကျွန်တော်တို့အဲ့ဒီအပေါ်ရောက်နေပါတယ်။ ' ဟု ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ယင်း‌ တောမီးလောင်မှုသည် တောင်ဝိုင်းတောင်ဆင်းလမ်းရှိ ရဟန္တာရုပ်တုတော်များ ကြွရာလမ်းတစ်လျှောက်နှင့် နီးကပ်နေကြောင်း တွေ့ရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို (၃)လအဖြစ် သတ်မှတ်လေ့ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group