Published_ 5 April 2024

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အလေးပေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (UN Department of Safety and Security- UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို ဧပြီ ၄ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ် Under-Secretary-General Mr. Gilles Michaud က ကုလသမဂ္ဂ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၌ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ လုပ်ငန်းများဆောင်ရွက်ခွင့်တို့နှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ပါတယ်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရန်အတွက် သွားလာခွင့်ကို အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ပတ်သက်၍လည်း နွေးခဲ့ပါတယ်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လုံခြုံရေးအကြံပေး Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြပါတယ်။
Ymg_mnn
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group