၃ ဧပြီ ၂၀၂၄

Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည်  မြန်မာနိုင်ငံမှပြည်သူများ၏ကိုယ်ရေး အချက်အလက်များနှင့်ငွေကြေးများကို လိမ်လည်လှည့်ဖျားရယူရန်ကြိုးစားနေကြောင်းတွေ့ရှိရလို့ ယင်းကို သုံးစွဲ ခြင်းရှောင်ရှားကြဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးသတင်းထုတ်ပြန်ထားပါတယ်။

Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်လုပ်ငန်းလိုင်စင်မှရယူထားခြင်းမရှိဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Logo အား အလွဲသုံးစားပြုလုပ်၍ တရားမဝင်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ချေးငွေရယူနိုင်ကြောင်းကြော်ငြာကာ မိဘပြည်သူတို့၏ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုလည်းကောင်း၊ ငွေကြေးများကိုလည်းကောင်း၊ ယင်း Application မှတစ်ဆင့် လိမ်ညာလှည့်ဖြားပြီး ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း   တွေ့ရှိရ   တယ် လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မိဘပြည်သူများအနေဖြင့် ဤလိမ်ညာလှည့်ဖြားသူများ၏အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြရန်နှင့် အလားတူ မဟုတ်မမှန်သော မသမာမှုလုပ်ငန်းများကို ရှောင်ရှားကြဖို့ ဗဟိုဘဏ်က တိုက်တွန်းထားပါတယ်။ ယင်းအပြင်

အဆိုပါလိမ်ညာလှည့်ဖြားမှုနှင့် သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး    အတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေတယ်လို့ သတင်းထုတ်ပြန် ချက်မှာ အသိပေးထားပါတယ်။

-ymg/knl