၂၇ မတ် ၂၀၂၄

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  မတ် ၂၇ ရက် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်  သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ညှိနှိုင်းကွပ်ကွဲရေးမှူး၊ ကာကွယ်ရေးဦီးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အငြိမ်းစားတပ်မတော် အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်း ဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါတယ်။

W@ymg/knl