Published 27 March 2024

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သား၁၄၀ကျော်ကို စေလွှတ်သော လိုက်ကြောင်းသိရသည်။

အဆိုပါ အလုပ်သမား ၁၄၀ကျော် တွင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ် ၃၃ ဦး၊ ဆောက်လုပ်‌ရေးလုပ်သားသစ် ၃၀ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၇၈ ဦး စုစုပေါင်းလုပ်သားသစ် ၁၄၁ ဦး ကိုမတ်လ ၁၇ရက် က ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်းသိရသည်။

ရောက်ရှိလာသူ များ ကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ယခုမတ်လအတွင်း EPS လုပ်သားဦးရေ စုစုပေါင်း ၈၆၂ ဦးရောက်ရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group