Published_ 19 March 2024

ယခုရက်ပိုင်းတွင် ဒေသ(၁၅)ခု၌မိုးထစ်ချုန်းရွာ သွန်းမည်ဖြစ်ပြီး နေ့အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်ကျော်သော မြို့(၁၅)မြို့ရှိလာကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မတ်လ(၂၀)ရက်မနက်ပိုင်းအထိခန့်မှန်းချက်မှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။

မတ်လ(၂၀)ရက်(၂၁)ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၁)ဒီဂရီဆဲလ်စီးယပ်နှင့် ရွှေဘိုမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ အမ်းမြို့၊ ပြည်မြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ သာယာဝတီမြို့၊ ဖြူးမြို့၊ လေးထပ်ပြင်မြို့နှင့် မြဝတီမြို့တို့တွင် (၄၀)ဒီဂရီ ဆဲလ်စီးယပ်စီရှိခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group