Published_ 19 March 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့မှ  သိရသည်။

အဆိုပါ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ နိုင်ငံတကာသင်ရိုး ညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားသား ပုဂ္ဂလိကျောင်းဆရာပါဝင်သော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက် ရှိခြင်း ဖြစ်သည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ စင်တာ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့်  ပုဂ္ဂလိကကျောင်း ၈၄၂ ကျောင်းရှိရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်  ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group