#Local_News
Published 14 March 2024


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး တွင် ကွန်တိန်နာနှင့်Taxiတို့ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ​ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတအသင်းများထံ က သိရသည်။

 

မတ်လ ၁၃ ရက် ည ၁၀နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ သတင်းအရဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁) စီး ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်မောင်းမှာ ယာဉ်ခေါင်းခန်းအတွင်း ညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သော်လည်း (၁၁)နာရီအချိန်တွင်​ေ-သဆုံးလျက်အနေထားဖြင့် ထုတ်ယူခဲ့ရပြီး အဖြူရောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ဒဂုံမြို့သစ်အရှေ့ပိုင်း #ယာဉ်တိုက်မှုဖြစ် #အမျိုးသားတစ်ဦး​ေ-သဆုံး #YMG/LW #Yangon_Times