#Local_News
Published- 29 February 2024


ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့မနက်၀၈နာရီ  ၁၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ သတင်းရရှိသဖြင့်  Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ပြီးနောက် ၈ နာရီ၂၄မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ကာ ၈ နာရီ ၃၄ မိနစ်အချိန်၌  မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား စုံစမ်းနေကြောင်း သိရသည်။

 

#Local_News #မီးလောင်မှုဖြစ်ပွား #YMG/NN #Yangon-Times