Published: 28 November 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသိရပါတယ်။

 နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ့၆နာရီ၁၅မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ ပြင်ဦးလွင်လမ်းနေ စိုးညွှန့်(ခ)ကုလား ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျင်ထွန်း၊ ဖြိုးမောင်မောင်ဦး တို့အား တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်ယာ ပေါ်ရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၀ သိန်း)၊ ကျင်ထွန်း လွယ်ထားသော ခါးပတ်အိတ်အတွင်းမှ ဆေးခြောက်အလေးချိန် ၁၇၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

 ကွင်းဆက်ဖော်ထုတ်ချက်အရ ဆက်လက်၍ အဆိုပါရပ်ကွက်ရှိ ပြင်ဦးလွင်လမ်း နှင့် ရတနာပုံလမ်းဆုံအနီးတွင် ရပ်တန့်ထားသည့် TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေး ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် စည်သူ(ခ)နွားကြီး နှင့် လှထွေး တို့အား လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 မူးယစ်ဆေးဝါးဖမ်းဆီရမိမှုမှစိုးညွှန့်(ခ)ကုလား(၅၅)နှစ်၊ ကျင်ထွန်း (၄၄)နှစ်၊ ဖြိုးမောင်မောင်ဦး(၂၇)နှစ်၊ စည်သူ(ခ)နွားကြီး (၃၅)နှစ် နှင့် လှထွေး(၃၄)နှစ် တို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။