Published 26 February 2024

( ၇၇ )နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်းပွဲကျင်းပ‌ရေးကော်မတီမှ သိရသည်။

ပေါင်မြို့နယ် ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ဖေဖော်ဝါရီ၂၅ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်စေရန်  ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ယင်းအခမ်းအနား၌ မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ မွန်အမျိုးသားများ စာပေနှင့် ယဉ်ကျေးမှုများ မပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဟောပြောခြင်း၊ သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခြင်း၊ အားကစားပြိုင်ပွဲများ၊ မွန်အကပဒေသာများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group