Published_ 26 February 2024

နိုင်ငံတော်အနေဖြင့် လျှပ်စစ်မော်တော် ယာဉ်များနှင့်ပတ်သက်၍ မူဝါဒများ ရေးဆွဲ၍ ဖွံဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရန် စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ် သည့် အလုပ်ရုံသိုရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။

ထို့ပြင်ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေနီမြိုရှိ စက္ကူစက်ရုံ(ရေနီ)သို ရောက်ရှိပြီး အသေးစားပျော့ဖတ်နှင့် စက္ကူထုတ်လုပ်သည့်စက်များ ပြုပြင်နေမှုနှင့် ချိန်ညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို စစ်ဆေးခဲ့ပြီး စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင်မွမ်းမံပေးရသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် ပြုပြင်ထားဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group